About Us

"AI Ready ASEAN သည် အာဆီယံဖောင်ဒေးရှင်း၏ အဓိကကျသော ဒစ်ဂျစ်တယ်စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အစီအစဉ် တစ်ခုဖြစ်ပြီး၊ ၄င်းကို ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်ကို Google.org ၏ အမေရိကန်ဒေါ်လာ ၅ သန်း ကူညီပံ့ပိုးမှုဖြင့် လုပ်ဆောင်သွားမည်လည်း ဖြစ်ပါသည်။ ဤအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ သုတေသနပြုခြင်း၊ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ အားလုံးပါဝင်နိုင်သော လေ့ကျင့်သင်ကြားပေးမှုများပြုလုပ်ခြင်း နှင့် ဒေသတွင်း အသိပညာပေး လှုံ့ဆော်မှုများ ဆောင်ရွက်ခြင်းစသည့် ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုများဖြင့် AI ဆိုင်ရာ သိနားလည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ အသိပညာတို့ကို မြှင့်တင်ကာ အနာဂတ်အတွက် အသင့်ရှိသော အာဆီယံအသိုက်အဝန်းကို တည်ဆောက်ရန်ဖြစ်ပါသည်။ အရှေ့တောင်အာရှတစ်ဝှမ်းရှိ ပြည်သူ ၅.၅ သန်းကို AI နည်းပညာအကြောင်း လေ့လာသင်ယူရန်၊ စိတ်အားထက်သန်လာစေရန် ရည်ရွယ်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဆယ်နိုင်ငံလုံးရှိ အခြေခံလိုအပ်ချက် ပြည့်မီမှုနည်းပါးသော အသိုက်အဝန်းများမှ လူငယ်၊ မိဘနှင့် ပညာရေးဝန်ထမ်း ၈၀၀,၀၀၀ အတွက် အသေးစိတ်ကျပြီး ဒေသအလိုက်ကိုက်ညီသည့် AI ဆိုင်ရာ သိနားလည်မှုသင်တန်းများ ပို့ချပေးနိုင်ရန်အလို့ငှာ သင်တန်းမှူး ၂,၀၀၀ ကိုလည်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။"

AI Ready ASEAN သည် အာဆီယံနိုင်ငံ ဆယ်နိုင်ငံလုံးမှ မိတ်ဖက်များနှင့်အတူ ပူးပေါင်းကာ၊ ထိုအစီအစဉ်အတွက် စုံလင်ကွဲပြားသော ရှုမြင်သုံးသပ်ချက်များနှင့် ကျွမ်းကျင်မှုပညာများရရှိအောင် ပံ့ပိုးပေးသွားမည်လည်းဖြစ်ပါသည်။

Brunei Darussalam

Cambodia

Indonesia

Lao PDR

Malaysia

Myanmar

The Phillippines

Singapore

Thailand

Viet Nam

Hi! I'm your AI study assistant

How can I support your learning today?

သင်ဘာမေးခွန်းမေးလိုပါသလဲ?

ဟလို၊ ကျွန်းတို့ မင်းကို တစ်ခုခု အကူအညီပေးရမလား?
ဤလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ရန် လော့ဂ်အင် ဝင်ပါ။
ဤနေရာမှ လောဂ်အင်ဝင်ပါ
Powered by SEA-LION