AI Ready ASEAN ဆိုတာကတော့ အာဆီယံဖောင်ဒေးရှင်းမှ ဦးစီးဦးဆောင်ပြုပြီး Google.org မှာ ပံ့ပိုးပေးကာ အာဆီယံဒေသတစ်လွှား ဥာဏ်ရည်တုနည်းပညာဆိုင်ရာ တတ်မြောက်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်သည့် ဒေသတွင်း အစီစဉ်တစ်ခုဖြစ်ပါသည်။ ဤအစီစဉ်ကို အမေရိကန်ဒေါ်လာ ၅ သန်း ပံ့ပိုးပေးထားပီး၊ ၂ နှစ်ခွဲကြာမြင့်မည် ဤအစီစဉ်သည် အာဆီယံသေတွင်းနိုင်ငံများရှိ ၅.၅ သန်းသော လူငယ်များ၊ သင်ကြားရေးဆရာ/ဆရာများ နှင့် မိဘများကို အခြေခံကျသော ဥာဏ်ရည်တုနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။ ဤအစီစဉ်သည် ပါဝင်လေ့လာသူများကို ဥာဏ်ရည်တုနည်းပညာအသုံးပြုချကာ ဒစ်ဂျစ်တယ်ခေတ်တွင် မှန်ကန်စွာ လျှောက်လှမ်းနိုင်ရန် စွမ်းအားများမြှင့်တင်ပေးမည်ဖြစ်ပါသည်။ ပိုမိုသိရှိလိုပါက ဤနေရာတွင်လေ့လာပါ
ပရိုဂရမ်သည် အောက်ဖော်ပြပါ ပင်မ လုပ်ငန်းကြီး ငါးခုကို အလေးထားလုပ်ဆောင်မည်-
ပရိုဂရမ်၏ အဓိကတာဝန်သည် လူငယ်များ၊ သင်ကြားရေးဆရာ/ဆရာမများ နှင့် မိဘများအား ဥာဏ်ရည်တုနည်းပညာကို တာဝန်သိသိ၊ တာဝန်ရှိရှိ အသုံးချတတ်မှုကို မြှင့်တင်ပေးရန်ဖြစ်သည့်အတွက် အာဆီယံဖောင်ဒေးရှင်းသည် ဥာဏ်ရည်တုနည်းပညာအဆင့်တစ်ခုရှိသော အာဆီယံအဝန်းအဝိုင်းပေါ်ပေါက်လာစေရန် အစပျိုးလိုက်ပြီဖြစ်ပါသည်။ ဥာဏ်ရည်တုနည်းပညာကို အလွယ်တကူ လေ့လာနိုင်ကြစေရန် နှင့် စဉ်ဆက်မပြတ်လေ့လာနိုင်ရန် အီလက်ထရောနစ် သင်ကြား/သင်ယူမှု ပလက်ဖောင်းကိုလည်း ဖန်တီးထားပါသည်။ ဤသို့ဖန်တီးပေးခြင်းဖြင့် အာဆီယံဒေသတစ်လွှားရှိ ပြည်သူများအနေဖြင့် အရှိန်အဟုတ်မြင့်လာသော AI ကမ္ဘာတွင် ရင်ဘောင်တန်းနိုင်ရန်လိုအပ်သော အသိပညာ နှင့် စွမ်းရည်များကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။
အာဆီယံ ဥာဏ်ရည်တုနည်းပညာဆိုင်ရာ အတန်းများသည် အခမဲ့ဖြစ်ပြီး အတွေ့အကြုံ သို့မဟုတ် နောက်ခံဗဟုသုတ ရှိရန်မလိုဘဲ အာဆီယံဒေသတွင်းရှိ လူငယ်များ၊ ဆရာ/ဆရာများ နှင့် မိဘများအတွက် ဖွင့်လှစ်ပေးထားမည်ဖြစ်ပါသည်။
အာဆီယံ ဥာဏ်ရည်တုနည်းပညာဆိုင်ရာ အတန်းများသည် ဥာဏ်ရည်တုနည်းပညာ နှင့် ဆက်နွယ်သော အမျိုးမျိုးသော ဘာသာရပ်များ၊ မော်ဂျူးများကို မတူညီသော သင်ယူသူများဖြစ်သည့် လူငယ်များ၊ ဆရာ/ဆရာမများနှင့် မိဘများအတွက် သီးသန့်စီ စီစဉ်ထားပါသည်။ အခန်းချင်းအလိုက် သင်တန်းဆိုင်ရာ ဗီဒီယိုများ၊ ပါဝါပွိုင့်များ၊ အကဲဖြတ်ဆန်းစစ်မှုများ ပါရှိပီး ပြီးစီးပါက တံဆိပ်များ ပေးအပ်မည်ဖြစ်ပါသည်။ တံဆိပ်များစုစည်းပြီးနောက် ပြီးစီးကြောင်း အောင်လက်မှတ်ထုတ်နိုင်အောင်လည်း စီစဉ်ပေးထားပါသည်။ ဒါ့အပြင် Smart Connect Hub တွင်လည်း ပါဝင်နိုင်ပြီး ၎င်းတွင် ဥာဏ်ရည်တုနည်းပညာသုံး စက်ရုပ်၏ အကူအညီများ ရရှိနိုင်ခြင်း၊ လူထုအခြေပြုဆွေးနွေးပွဲများတွင်ပါဝင်နိင်ခြင်း နှင့် အမျိုးမျိုးသော ဘာသာစကားတို့ဖြင့်လည်းလေ့လာနိုင်အောင်ဆောင်ရွက်ထားရာ မိမိနှစ်သက်သော ဘာသာစကားကို ရွေးချယ်ပြီး အလွယ်တကူလေ့လာနိုင်မှာဖြစ်ပါသည်။
လုံးဝမလိုအပ်ပါ။ အာဆီယံ ဥာဏ်ရည်တုနည်းပညာဆိုင်ရာ အတန်းများသည် လေ့လာသူများအနေဖြင့် AI နည်းပညာနောက်ခံ၊ ပညာဗဟုသုတနောက်ခံ ရှိရန်မလိုဘဲ လေ့လာနိုင်အောင် စီစဉ်ထားပါသည်။ စူးစမ်းလိုမှု နှင့် သင်ယူလိုမှုသာ ရှိရန် လိုအပ်ပါသည်။
လုံးဝတက်ရောက်နိုင်ပါတယ်။ အာဆီယံ ဥာဏ်ရည်တုနည်းပညာ ပလက်ဖောင်းသည် အားလုံးအကျုံးဝင်သော ပလက်ဖောင်းတစ်ခုဖြစ်ပြီး သင်ခန်းစာများကို အာဆီယံ ၁၀ နိုင်ငံ ဘာသာစကားများဖြင့် လေ့လာနိုင်အောင် စီစဉ်ထားပါသည်။
Smart Connect Hub ရဲ့ ဆွေးနွေးခန်းဖိုရမ်တွေမှာ မင်းလုပ်ဆောင်နိုင်ပါတယ်။ အဲဒီနေရာက မေးခွန်းမေးခြင်း၊ မိမိအတွေးအမြင်များကိုမျှဝေခြင်း နှင့် အာဆီယံဒေသတစ်လွှားက အခြားသော သင်ယူများနှင့် ဆက်သွယ်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။